Skip to main content

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး MyJustice အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော်   မတ်  ၁၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် MyJustice မှ Team Leader Mr. Ross Clarke နှင့် အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၂၀ - ၂၀၂၄ မဟာဗျူဟာစီမံကိန်းနှင့် တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ၂၀၁၉ - ၂၀၂၃ မဟာဗျူဟာ စီမံကိန်းဆိုင်ရာ လုပ်ငန်းများတွင် MyJustice မှ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဥရောပသမဂ္ဂ(EU)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် ဒုတိယပိုင်း MyJustice Programme တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် MyJustice တို့ ပူးပေါင်းဆောင်ခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အောင်မြင်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။

(သတင်းစဉ်)