နေပြည်တော် မေ ၁၂
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများက PR စနစ်ဖြင့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သော ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် တိုက်ပွဲရှောင်ပြည်သူလူထု၏ အခက်အခဲများ ဖြေရှင်းဆောင်ရွက်သွားရေး ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်