နေပြည်တော် မတ် ၁၉
COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့က COVID-19 ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း ၁၀၀၀ ကနဦး မတည် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် နိုင်ငံ အတွင်းသာမက ကမ္ဘာတစ်ဝန်းမှ ဖြစ်နိုင်ခြေရှိသည့် ကိစ္စရပ်ကို ပိုမို ထိရောက်ကျယ်ပြန့်စွာ သုံးသပ်၊ ကိုင်တွယ်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက အမျိုးသားအဆင့်ဗဟို ကော်မတီကို တိုးမြှင့်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပြီး ပြည်သူ ပြည်သားများလည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင် ထည့်ဝင်နိုင်မည့် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ကို ထူထောင်ဆောင်ရွက်လျက် ရှိသည်။
သို့အတွက် ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့က COVID-19 ကာကွယ်ရေးနှင့် ကုသ ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကနဦး မတည်လှူဒါန်းမှုအဖြစ် ငွေကျပ်သိန်း ၁၀၀၀ ကို Escrow Account အတွင်း မတ် ၁၈ ရက်တွင် ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကနဦးမတည် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀၀ ကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာ ရေး ဝန်ထမ်းများအတွက် အရေးပေါ် လိုအပ်သော ဆေးဝါး၊ အကာအကွယ်၊ အထောက်အကူပြု ပစ္စည်းများနှင့် အခြားလိုအပ်မှုများကို ကြိုတင် ပြင်ဆင်ရန်အတွက်လည်းကောင်း၊ အကယ်၍ သံသယနှင့် ကူးစက်ခံရ သော လူနာများရှိလာပါက လိုအပ်သော အရန်အတားပစ္စည်းများ အချိန်မီဝယ်ယူ ဖြည့်တင်းနိုင်ရန် အတွက်လည်းကောင်း လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုဒင်