Skip to main content

COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများရှိ ကုန်သွယ်ရေး စခန်းများ ယာယီပိတ်မည်

 

နေပြည်တော် မတ် ၂၁

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေ ကိုးခုအနက် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ယာယီ နယ်စပ် ကုန်သွယ်ရေး ဂိတ်များ ဖွင့်လှစ် ထားရှိသော ပြည်နယ် နှစ်ခုဖြစ်သည့် ချင်းရိုင်ပြည်နယ် (မြန်မာဘက်-ရှမ်းပြည်နယ်)နှင့် မယ်ဟောင် ဆောင်ပြည် နယ် (မြန်မာ ဘက်-ကယားပြည်နယ်)တို့ရှိ ကုန်သွယ် ရေးစခန်းများအား မတ် ၂၁ ရက်မှစတင်၍ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်သန်းရေးစခန်းများ

ယာယီပိတ်ထားမည့် ကုန်သွယ်ရေးစခန်းများမှာ ချင်းရိုင် ပြည်နယ် မယ်ဆိုင်မြို့နယ်မှ အမှတ်(၂) မယ်ဆိုင် ချောင်းကူး တံတားနှင့် ဘန့်ပန်းဟရွာကုန်သွယ်ရေးစခန်း၊ ချိန်းရှဲန် မြို့နယ်မှ နယ်စပ်ဖြတ်သန်းရေးစခန်း၊ ရွှေတြိဂံနယ်စပ် ဖြတ်သန်းရေးစခန်း၊ ဆိပ်ကမ်းနယ်စပ်ဖြတ်သန်းရေးစခန်း၊ ဘန့်ဆုံဒေါက်ရွာ ကုန်သွယ်ရေး စခန်း၊ ဘန့်ဆွပ်လုပ်ရွာ ကုန်သွယ်ရေးစခန်း၊ ချိန်းခေါင်မြို့နယ်မှ ယန့်ဟတ်ဘိုင့်ရွာ ကုန်သွယ်ရေးစခန်း၊ ထိန်းမြို့ နယ်မှ ဘန့်လုံမ်ဖိုးထောင်းရွာကုန်သွယ်ရေးစခန်းတို့ဖြစ်ပြီး မယ်ဟောင်ဆောင် ပြည်နယ် မယ်ဟောင် ဆောင်ခရိုင်၊ ဟွေးဖ ခရိုင်ခွဲမှ ဘန့်မယ့်စမ်းလပ်နှင့် ဖဘွင်ခရိုင်ခွဲမှ ဘန်နမ်ပျန်ဒင်၊ ခွန်ယွန်းခရိုင် မယ့်ငေါင်း ခရိုင်ခွဲမှ ဘန်ဟွေးတွန်နွံ၊ မယ့်စလင်းခရိုင် ဆောင်ဟင်း ခရိုင်ခွဲမှ ဘန်ဆောင်းဟင်း တို့ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်