(၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲ စစ်ဆေးပေးလျက်ရှိပါသည်။
၂။ ယနေ့ည (၂၂-၃-၂၀၂၀) ရက်နေ့၊ ညတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှပေးပို့လာသော ဓာတ်ခွဲအဖြေ (ဇယား-၁) အရ သက်ဆိုင်ရာဆေးရုံများရှိ စောင့်ကြပ် ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၁၀) ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၃။ (၁၉-၃-၂၀၂၀) ရက်နေ့တွင် မိုင်းနောင်တိုက်နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ပြီး ယင်းနေ့တွင်ပင် သေဆုံးခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့နယ်တွင် နေထိုင်သည့် အသက် (၄၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရ ပါသည်။
၄။ ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ လူနာဆောင်သစ်မှ မြန်မာနိုင်ငံသား (၅၄) ဦးနှင့် နိုင်ငံခြားသား (၂) ဦး တို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၅။ ယနေ့ (၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar