ချမ်းမြသာစည် နို၀င်ဘာ ၂၂
တပ်မတော်မြတ်နိုးသူများ၊ မျိုးချစ်အဖွဲ့များစုပေါင်း၍ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သူများအား ရှုတ်ချပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါရှုတ်ချပွဲကို ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် ၄၁၀(A)၊ ရန်-မန်းလမ်း ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် စုရပ်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်မြတ်နိုးသူများ၊ မျိုးချစ်အဖွဲ့များ စုစုပေါင်း အင်အား (၁၂၀) ခန့်က အကြမ်းဖက်ထောက်ခံသူများအား (ဆန့်ကျင်ကြ၊ ပြည်တွင်းရေးဝင်ရောက် စွက်ဖက်သူများအား ဆန့်ကျင်ကြ၊ သတင်းအမှားများထုတ်ပြန်နေသော ပြည်တွင်း/ပြည်ပ မီဒီယာများအား အလိုမရှိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဓွန့်ရှည်တည်တံ့ပါစေ အစရှိသည့် စာတမ်းပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်ကာ ချမ်းမြသာစည်လေဆိပ်ဟောင်းရှေ့စုရပ်မှ ရန်-မန်းလမ်းအတိုင်း တောင်မှမြောက်ဘက် စစ်ကိုင်းလမ်းခွဲအထိ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြေ့ (ပြန်/ဆက်)