နေပြည်တော် ဖေဖော်ဝါရီ ၁၁
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) သုံးစီးဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များမှ လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဆောင်ရွက်ပေးလျက်ရှိ
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၂၃၅၉၈၉ ဦးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၆၀၊ စာချုပ်ဆေးခန်း ၆၁ ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ် ဆေးခန်း ၂၈ ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၄ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
လိုအပ်သောဆေးဝါးကုသ
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် မှ ၁၅ ရက် အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် ရွှေလင်ပန်းစက်မှုဇုန်တို့တွင် အလုပ်ဌာနပေါင်း လေးဌာနမှ အာမခံအလုပ်သမားဦးရေ ၅၆၅၇ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မြို့တွင် အလုပ်ဌာနပေါင်း ၁၃ ဌာနမှ အာမခံအလုပ်သမားဦးရေ ၁၁၇၃ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြို့ပင်ကောက်မြို့တွင် အလုပ်ဌာနပေါင်း ၈၅ ဌာနမှ အာမခံအလုပ်သမားဦးရေ ၂၂၈၆ ဦးနှင့် နတ်တလင်းမြို့တွင် အလုပ်ဌာနပေါင်း ၄၈ ဌာနမှ အာမခံအလုပ် သမားဦးရေ ၈၃၇ ဦးတို့ကို လိုအပ်သော ဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
