Skip to main content

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော်   ဇန်နဝါရီ  ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ  Mr.Liu Siyang နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရေးအတွက် မီဒီယာကဏ္ဍ၏ အရေးပါပုံ၊ လက်ရှိမြန်မာ့မီဒီယာ လောက အခင်းအကျင်းနှင့် မီဒီယာကဏ္ဍတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)