Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့်ဝက်လက်မြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

ရွှေဘို စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှု‌ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ  ဦးသောင်းဟိန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူတို့နှင့်အတူ ယမန်နေ့ နေ့လယ်(၂)နာရီက ရွှေဘိုမြို့မှ မော်တော်ယာဥ်များဖြင့် ထွက်ခွာလာပြီး ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ တက်တူ၊ ဝင်းစည် စသည့် ကျေးရွာများတွင် မိုးစပါးများ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေ‌တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိတောင်သူများအတွက် စိုက်ပျိုး ရေဖူလုံစွာရရှိရေးကိုလည်း အထူးအလေးထာ၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝင်းစည်ကျေးရွာနှင့် ကွန်ဆိပ်ကျေးရွာချင်းဆက်ကျောက်လမ်းအား ဂျင်းခင်း ပြုပြင် ရန်အတွက်  ထောက်ပံ့ငွေကျပ် သိန်း(၅၀)ကို သက်ဆိုင်ရာတာဝန်ရှိသူထံသို့ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေဘိုမြို့နယ် ကွန်ဆိပ်ကျေးရွာမှ ဝက်လက်မြို့နယ် စိုင်နိုင်ကြီး ကျေးရွာ တို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ကတ္တရာလမ်း၊ဂျင်းလမ်း၊ချောက်ချောလမ်းများအား အပိုင်းလိုက် အဆင့် မြှင့် တင်ချဲ့ထွင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ် မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီအမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်း ပေးပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထွန်းကိုကို(ယင်းမာပင်)