Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာသီလမ်းအား တက်ရောက်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယမန်နေ့နံနက်(၈)နာရီက ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ အနီးရှိ ဂုံညှင်းပင် စခန်းရှေ့တွင် ကျင်းပပြုလုပ်သော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာ သီလမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်(၄)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့သည် ယနေ့ နေ့လယ်(၃)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် သော စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစား ကုန်(၄) မျိုး ထောက်ပံ့ ပေးအပ်ပွဲ အခမ်အနားသို့ တက်ရောက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ဦးဆောင်၍ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသ ကြီး အဆင့်ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေခြင်းမျိုး မရှိစေဘဲ မှန်ကန် မြ

‌စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဇီးကုန်းမြို့၊ကန့်ဘလူ၊ကျွန်းလှနှင့် ကောလင်း မြို့နယ်တို့ရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များနှင့် နှင့် Quarantine Center များသို့ သွားရောက် ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ဇန်နဝါရီလ(၂၈)ရက် နံနက်(၁၀)နာရီခွဲမှစတင်ပြီး ဇီးကုန်းမြို့၊ကန့်ဘလူ၊ကျွန်းလှနှင့်ကောလင်းမြို့နယ်တို့ရှိ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များနှင့် နှင့် Quarantine Center များသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ရှေးဟောင်းရွှေထည်ပစ္စည်းများ ဒုတိယအကြိမ် လာရောက် အပ်နှံ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက် ဘက် ပေ(၁၀၀၀)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါး ပြိုကျ ထားသည့် နေရာများတွင် ဒေသခံ(၅)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည် ပစ္စည်း(၅)မျိုးနှင့် ဟင်္သာရုပ် (၁)ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက ဒုတိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့နယ် ကျေးရွာ(၄)ရွာရှိ မဲရုံများတွင် မိဘပြည်သူများ ဆန္ဒမဲပေး‌နိုင်ရေး ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့နံနက်(၁၀)နာရီက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ အထက်တန်းကျောင်း(ခွဲ)ရှိ မဲရုံ၊ သီးလုံးကျေးရွာ အလယ်တန်းကျောင်း(ခွဲ) မဲရုံ၊ ဇီးကုန်းကျေးရွာ အလယ်တန်းကျောင်း မဲရုံနှင့် အုတ်ရှစ်ကန်ကျေးရွာအုပ်စု သပြောကျေးရွာ အမကကျောင်းမဲရုံ စသည့်ကျေးရွာ(၄)ရွာရှိ မဲရုံများတွင် အသက်(၁၈)နှစ်ပြည့်ပြီး‌သော မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်‌ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မုံရွာမြို့ဒေါနခြံရပ်ကွက် Quarantine Center တွင် မုံရွာမြို့ လူမှုရေးအသင်းအဖွဲ့များအား ကျန်းမာရေးသုံးပစ္စည်းများနှင့် လိုအပ်သော အသုံး အဆောင်ပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တိုင်း/ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ဒေါနခြံ Quarantine Center တွင် မုံရွာမြို့ပေါ်ရှိ ဂရုဏာမြင့်မိုရ်၊ ရုံးကြီးလူငယ်၊ ဒေဝဂတိ၊ စိတ္တသုခ၊ ဇနသုခ၊ ဖြူစင်မေတ္တာ၊ သုခဟိတ၊ မြို့သစ်လူငယ်၊ Rescue ၊ ရာသက်ပန် စသည့် ကျန်းမာရေး လူမှုကူညီရေးအသင်းအဖွဲ့(၁၀)သင်းအား ကိုဗစ်-၁၉ရောဂါ တာဆီး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်လျက်ရှိသည့် ကျန်းမာ ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ အဝင်/အထွက် ကိုဗစ် -၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်များနှင့် Quarantine Centerများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ တစ် နာရီက မုံရွာမြို့ အဝင်/အထွက် ကိုဗစ် -၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်များဖြစ်သည့် ကျောက္ကာ၊ မုံရွေး၊၊အလုံနှင့် ပြည်တော်သာ တို့တွင် တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များမှ ကူညီဆောင် ရွက် ပေးနေသူ များအား လည်းကောင်း၊ Quarantine Centerများဖြစ်သည့် မုံရွာစီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်အိမ်ရာစခန်းနှင့် ဒေါနခြံရပ်ကွက်တို့သို့ သွားရောက်စစ်ဆေးပြီး အားပေးစကားပြောကြားကာ ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ တစ်နေ့တာ အာဟာရဒါနအဖြစ် အချိုရည်ဘူးများ၊ စားသောက်ဖွယ်ရာမုန့်မျိုးစုံတို့အပြင် အပူချိန်တိုင်း ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဗူးများအား ကုသိုလ်ပြု ပေးအပ်ခဲ့ပြီး Quarantine Centerများတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးနှင်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျအားလုံးပူးပေါင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့်ဝက်လက်မြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှု‌ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူတို့နှင့်အတူ ယမန်နေ့ နေ့လယ်(၂)နာရီက ရွှေဘိုမြို့မှ မော်တော်ယာဥ်များဖြင့် ထွက်ခွာလာပြီး ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး