Skip to main content

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်

နေပြည်တော် ဇွန် ၂

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးတွင်လည်း ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာတပ်နယ် အသီးသီးရှိ တာဝန်ရှိသူများက ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်