Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့က မန္တလေးမြို့ရှိ ကြင်းတောယန်တရုတ်ဘုံကျောင်း၌ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မန္တလေးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကြင်းတောယန် တရုတ်ဘုံကျောင်းမှတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Yunnan Economics Trade and Foreign Affairs College မှ သင်တန်းနည်းပြဆရာများ၊ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးက တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်ပို့ချမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းသား သင်တန်းသူများအား တရုတ်အစားအစာချက်ပြုတ်နည်း သင်ကြားပို့ချနေမှုကိုသွား ရောက်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် မန္တလေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များအား Y Mandalay Hotel ၌ တွေ့ဆုံပြီး ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံ၊ နယ်ပယ်စုံနှင့် ဆက်စပ်နေပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

သတင်းစဉ်