Skip to main content

Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော ကျား၊ မ ရေးရာ Gender ဆိုင်ရာ အခြေခံသဘောတရားများ၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All Formsof Discrimination Against Women - CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women - NSPAW)၊ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်း မဟာဗျူဟာမူဘောင် (ASEAN Gender Mainstreaming Strategic Framework- AGMSF) (2021-2025)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သင်တန်းသားသင်တန်းသူများတက်ရောက်သည်။

တက်ရောက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းလုံးတွင် ဆောင်ရွက်နေကြသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325 လုပ်ငန်းစဉ်များကို သိရှိစေရန် အမျိုးသမီးများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အသိပညာပေးခြင်းဖြစ်ပါကြောင်း သင်တန်းကာလအတွင်းတက်ကြွစွာ ပါဝင်ဆွေးနွေးကြရန်နှင့် သင်တန်းကရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားရန် တိုက်တွန်းပြောကြားသည်။

သင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသားသင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်းကို နှစ်ရက်တာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်