ရန်ကုန် ဖေဖော်ဝါရီ ၂၆
စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ် (၉၇) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုရရှိသည့် သင်တန်းသားအမှတ် (၈၁) ဦးလုံးလော (ဦးစီးမှူး) ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သင်တန်းသူစံပြဆုရရှိသည့် သင်တန်းသူအမှတ် (၄၁) ဒေါ်ဇင်မာဝေ(ဌာနခွဲစာရေး) နိုင်ငံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့အားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအားလည်းကောင်း သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၂၈ ဦး၊ သင်တန်းသူ ၆၄ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်