Skip to main content

ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာ၌ ရှင်ပြုပွဲပြုလုပ်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ရွာခံ ၁ဝ ဦးကို ဖမ်းဆီးသွားကြောင်း မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

ညောင်ဦး ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာ၌ ရှင်ပြုပွဲပြုလုပ်နေစည် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ရွာခံ ၁၀ ဦးကို ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အေးချမ်းစွာနေထိုင်နေသည့် ဒေသခံပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်းမရှိကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် ရဟန်သံဃာများအား ခေါင်းစဉ်အမျိုးမျိုးပြ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင် အကြမ်းဖက်အားပေးတရားမဝင် ပြည်ဖျက်မီဒီယာများမှ အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်သည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန်နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။