Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား တရုတ်နိုင်ငံ ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများ၊ ရောဂါရှာဖွေရေးကိရိယာများ၊ စက်ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေး သည့်ကိရိယာများအား ပြည်တွင်း တွင် ထုတ်လုပ်ဖြန့်ချိနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ဆေးရုံများအချင်းချင်းဆေးကုသမှု လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင် မည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှထုတ်လုပ်သည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများအား မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသနိုင်ရေးကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

သတင်းစဉ်