နေပြည်တော် မတ် ၃
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပြင်စလူစက်ရုံတွင် FM လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၁ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ လွှင့်အား 150 W ၊ လှိုင်းနှုန်း (90.2 MHz) ဖြင့် MRTV FM ရေဒီယိုအစီအစဉ်များ စမ်းသပ်ထုတ်လွှင့်လျက်ရှိသည်။
ထိုသို့ ထုတ်လွှင့်လျက်ရှိရာ ပြင်စလူမြို့ပေါ်ရပ်ကွက် ၁၊ ၂ နှင့် ၃ တို့မှလည်းကောင်း၊ အရှေ့ဘက် အရာတော်ငူ၊ သောင်လေး၊ ရေချိုကန်၊ ကွင်းပေါက်၊ အိုင်မ၊ အမတ်ကလေး၊ အမတ်ကြီးကျေးရွာများမှလည်းကောင်း၊ အနောက်ဘက်တွင် ထန်းပင်ကုန်း၊ ကုန်းကြီး၊ ကွင်းယား၊ အဝကား၊ နံ့သာကုန်း၊ သပြေချိုင်၊ ကံကြီးဒေါင့်ကျေးရွာများမှလည်းကောင်း၊ တောင်ဘက်တွင် လေယာဉ်ကွင်း၊ ဝါးဘိုးကုန်း၊ ကျားချောင်း၊ အောင်လှိုင်ကျေးရွာများမှလည်းကောင်း၊ မြောက်ဘက်တွင် ဘိုးသက်ရှည်၊ လွှစာ၊ ရေကျော်ဝ၊ နောက်ဖေးကုန်းကျေးရွာများမှလည်းကောင်း အသံကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူနားဆင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်