နေပြည်တော် မတ် ၃
“အင်းစိန်ထောင်မှ ခေါ်ထုတ်သွားသည့် လွတ်ရက်စေ့ မူဆလင်များကို စစ်တွေတွင် စစ်သင်တန်းပေးနေ” ဟူသော ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် Ayeyarwaddy Times အမည်ရှိ Facebook Page ၌ အများပြည်သူ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရသည် ဥပဒေနှင့်အညီ စစ်မှုထမ်းခေါ်ဆောင်နေခြင်းသာဖြစ်ပြီး Ayeyarwaddy Times အမည်ရှိ Facebook Page ၏ ဖော်ပြမှုသည် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအား ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
သစ္စာ