Skip to main content

နိုင်ငံတကာသုတေသနစီမံကိန်းများ ပူးပေါင်းဆောင်ရွက်

နေပြည်တော် မတ် ၄

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တက္ကသိုလ်စုဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ အင်ဂျင်နီယာဘာသာရပ်အလိုက် ဌာနမှူးများနှင့်တွေ့ဆုံပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာသုတေသနစီမံကိန်းများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် နည်းပညာအရွေ့နှင့်အတူ အမီလိုက်ပါဆောင်ရွက်နိုင်ရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင် နီယာဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် ဆောင်ရွက်ထားသော နေရောင်ခြည်အလင်း စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်း (Solar Photovoltaic Research Laboratory) ရှိ အဆင့်မြင့်ကိရိယာများတပ်ဆင်ထားရှိမှု၊ ဆိုလာကားပါကင် တည်ဆောက်ပြီးစီးမှု၊ လေးထပ်ခွဲဗိသုကာဌာနဆောင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်