နေပြည်တော် မတ် ၄
ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က Ayeyarwaddy Times အမည်ရှိ Facebook Page တွင် ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသာလုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပြီး တပ်ဖွဲ့နှင့်ပတ်သက်၍ တိကျစွာတိုင်တန်းတင်ပြလာပါက စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကာအပြစ် ကျူးလွန်ကြောင်းတွေ့ရှိပါကလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းထားသည့်အတွက် Ayeyarwaddy Times အမည်ရှိ Facebook Page ၏ သတင်းရေးသားဖော်ပြထားမှုသည် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်။
ထို့အတူ တပ်တွင်းစည်းရုံးရေး ပြိုကွဲနေခေါင်းစဉ်ဖြင့် The Irrawaddy Burmese Edition အမည်ရှိ Facebook Page ကလည်း ဖေဖော်ဝါရီ ၂၅ ရက်က မဟုတ်မမှန် သတင်းရေးသား ဖြန့်ဝေခဲ့သည်ကိုတွေ့ရှိရပြီး အမှန်မှာတပ်မတော်အတွင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့်အတွက် The Irrawaddy Burmese Edition အမည်ရှိ Facebook Page၏ဖော်ပြမှုသည် တပ်မတော်အတွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေရန်၊ ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
လင်းလင်း