Skip to main content

တာချီလိတ်မြို့နယ်နှင့် တောင်ငူမြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ တာလော့ရပ်ကွက် ကမ်းနားလမ်းနှင့် အောင်ဇေယျလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်လျှဲန်းကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၃ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၅၁၀) နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၄၈၀ (တစ်ပြားလျှင် ၄၀၀၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၉၂ သိန်း) ကိုလည်းကောင်း။

မတ် ၂ ရက် ညနေ ၄ နာရီခွဲ တွင် တာချီလိတ်မြို့နယ် မိုင်းကိုး ကျေးရွာအုပ်စု နမ့်ဖူးကျေးရွာရှိ ကျမူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀ (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၈၈ ဒသမ ၂ သိန်း) ကိုလည်းကောင်း၊ ယင်းနေ့ညနေ ၅ နာရီ ၄၅ မိနစ်တွင် တောင်ငူမြို့ (၁၉)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် နေလင်းအောင် (ခ) အိုင် မောင်းနှင်ပြီး မျိုးမင်းထက် (ခ) ငိန်းချယ်လယ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၁၆၀) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရဲပြန်ကြား