ရန်ကုန် မတ် ၄
နည်းပညာဆိုင်ရာများကို ကျောင်းသားကျောင်းသားများ သင်ကြားသင်ယူရာတွင် ပိုမိုအထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း ၇၅ စုံ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။
လက်ခံရယူ
ပေးအပ်လှူဒါန်းပွဲတွင် တန်ဖိုးငွေကျပ် ၁၀၈ သိန်းတန်ဖိုးရှိ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း ၇၅ စုံကို V-Top Industries Myanmar Limited မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကိုယ်စား ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် သက်မွေးပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်