နေပြည်တော် မတ် ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်စားမတ် ၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ ချီးမြှင့်အပ်နှင်းခဲ့သည်။
ချီးမြှင့်ပွဲအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးတာဝန်ခံ နိုင်ငံတာဝန်ထမ်းဆောင်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်