Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း

ရန်ကုန် မတ် ၅

အလယ်အလတ်အဆင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိကျစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာစွမ်းဆောင်ကြရန်ဖြစ်ကြောင်း မှာကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်၄ ရက် နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့် သည်။

အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် မတ်၅ ရက်အထိ သင်တန်းသား ၄၇ ဦး၊ သင်တန်းသူ ၅၄ ဦး စုစုပေါင်း၁၀၁ ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးခိုင်စိုး ဦးစီးအရာရှိ ပြည်တွင်းအခွန်များဦးစီးဌာန စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သင်တန်းသူစံပြဆုကို ဒေါ်အိသဲခိုင် ဦးစီးအရာရှိ ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာနကိုလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၈၉ ဦး သင်တန်း သူ ၁၀၃ ဦး စုစုပေါင်း ၁၉၂ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၅ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်