Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၅)သို့ တက်ရောက်

နေပြည်တော် မတ် ၅

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ (Myanmar National Building Code - 2025) အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်း‌ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ MNBC - 2025 ဆပ်ကောက်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်း၊ အဆောက်အဦဦးစီးဌာနမှ ဒေါ်အေးအေးမော်နှင့် အင်ဂျင်နီယာချုပ်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးလုပ်ငန်းများတွင် စတင်လိုက်နာကျင့်သုံးနိုင်ရေး ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် အဆောက်အအုံအားလုံး လွှမ်းခြုံပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် လိုက်နာဆောင်ရွက်ရမည့် Building Code ဖြစ်စေရေး၊ ခိုင်ခံ့ရေး Cost Effective ဖြစ်သည့် Design Code ဖြစ်စေရန် Structure ပညာရှင်များ ပြန်လည်ညှိနှိုင်း၍ MNBC Part – 3 တွင် ထည့်သွင်းရန်၊ MNBC အား မျိုးဆက်သစ်များအားလုံး၊ PE, RSE များအားလုံး သိရှိလိုက်နာဆောင်ရွက်စေရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ Awareness Training, Seminar များ ဆောင်ရွက်ပေးရန်၊ MNBC အပြီးသတ်ဆောင်ရွက်နိုင်ရန် ထပ်မံဖြည့်စွက်မည့်အပိုင်းများ ပြီးစီးမှုအခြေအနေနှင့် ပြီးစီးသည့်အပိုင်းများ ပေးပို့နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက လက်ရှိရေးဆွဲဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်မြမြဝင်းက လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြုဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းနှင့် တက်ရောက် လာသူလုပ်ငန်းကော်မတီဝင်များ၊ MNBC – 2025 ရေးဆွဲပြုစုရေး နည်းပညာဆိုင်ရာအဖွဲ့ (Technical Working Group) ခေါင်းဆောင်များက လက်ရှိရေးဆွဲပြုစုဆောင်ရွက်နေမှုနှင့် ထပ်မံဖြည့်စွက်လိုသည့် အချက်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး က ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တ‌လေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၉)၊ ဘောနက်ကြီးယာဉ်ရပ်နားစခန်းတွင် Qingdao CRRC Sifang Rolling Co.,Ltd မှ တည်ဆောက်လျက် ရှိသည့် EV Charging Station နှင့် မိုင်တိုင်အမှတ် (၁၁၅)၊ ဖြူးယာဉ်ရပ်နားစခန်းတွင် Yar Zar Min Industry Co.,Ltd နှင့် Mandalar Min Trading & Transportation Co.,Ltd တို့က တည်ဆောက်လျက်ရှိသည့် EV Charging Station တို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီမှသတ်မှတ်သည့် Design အတိုင်း လိုက်နာဆောင်ရွက်ရေး၊ လက်ရာလက်သားကောင်းမွန်ရေး၊ Charging Station ကိုသုံးလအတွင်း အပြီးတည်ဆောက်နိုင်ရေးနှင့် အမြန်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်