နေပြည်တော် မတ် ၁၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E.Mr. Harishchandra Ghimire ကို ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ် မတ်လအတွင်း ရန်ကုန်မြို့နှင့် နေပြည်တော်တွင် “Nepal-Myanmar Partnership in Digital Transformation Program” ခေါင်းစဉ်ဖြင့် ကျင်းပမည့်ကိစ္စနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သက်ဆိုင်ရာကဏ္ဍများအလိုက် Information and Technology (IT) နည်းပညာရပ်များကို လက်တွေ့တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများကို အဆိုပါအစီအစဉ်များသို့ ပါဝင်တက်ရောက်ပေးပါရန် ဖိတ်ကြားလိုသည့်ကိစ္စရပ်များ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုနယ်ပယ်များတွင် IT နည်းပညာဖြင့် ဝန်ဆောင်မှုပေးနိုင်မည့်ကိစ္စရပ်များအပေါ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်