Skip to main content

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ သင်တန်း ၂၂ ကြိမ် ဖွင့်လှစ်သင်ကြားပေး

နေပြည်တော် မတ် ၂၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ ရောက်ရှိစစ်ဆေးသည်။

ဦးစွာ လုံခြုံရေးအဆောက်အအုံ၊ မီးစက်တည်ဆောက်ထားရှိမှုနှင့် မီးစက်တပ်ဆင်ထားရှိမှု၊ ရေလှောင်ကန်ရေယိုစိမ့်မှုကို ပြုပြင်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက်စင်တာရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ သင်တန်းစင်တာသည် မဲခေါင် - လန်ချန်းရန်ပုံငွေဖြင့် တည်ဆောက်၍ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် သက်မွေးပညာ သင်တန်းများဖွင့်လှစ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ဝန်ထမ်းများက စံနမူနာပြဦးဆောင်၍ သင်တန်းသားသင်တန်းသူများ စည်းကမ်းတကျ နေထိုင်ပြုမူတတ်ရေးကို လေ့ကျင့် သင်ကြားပေးရန်၊ နေ့စဉ်အသုံး စရိတ်ကို စိစစ်သုံးစွဲရန်၊ စင်တာရှိဌာနပိုင်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် စာရင်း / ဇယားဖြင့်ပြုစုပြီး မှတ်တမ်းထားရှိရန် မှာကြား၍ ဝန်ထမ်းများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသည် သက်မွေးပညာသင်တန်းများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ရှစ်ကြိမ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ၁၆ ကြိမ်စုစုပေါင်း သင်တန်း ၂၂ ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၄၄၀ ကို သက်မွေးပညာသင်တန်းများ သင်ကြားပေးနိုင်ခဲ့ကာ ၎င်းသင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ရပ်ရွာဒေသတွင် သက်မွေးပညာရပ်များ ပြန်လည်အသုံးချနိုင်ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်