နေပြည်တော် ဧပြီ ၂၅
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့တွင် ဦးမြတ်ဦး+ဒေါ်ခင်ဦး မိသားစုက ငွေကျပ်သိန်း ၅၀၀ နှင့် မန္တလေးအခြေစိုက် ရှမ်းနီလူမှုရေးအသင်းက ငွေကျပ်သိန်း ၁၅၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရုံးသို့ လာရောက်ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်