လွိုင်ကော် ဇန်နဝါရီ ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်း အဝင်လမ်း ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်က သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်း အဝင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံပြည်သူများ၏ တင်ပြချက်များအရ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လျာထားပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ စိုက်ပျိုးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က မင်းကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
ထွန်းလေး