Skip to main content

ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ သုံးနိုင်ငံကြား ရေအောက်ကေဘယ်တည်ဆောက်ရေးစီမံကိန်း စတင်

ရန်ကုန် ဇန်နဝါရီ ၂၂

ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ယနေ့ဆူးလေရှန်ဂီလာ၌ ကျင်းပ သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ရင်းနှီးမြှုပ်နှံ

"ကျွန်တော်တို့ ဒီစီမံကိန်းဆောင်ရွက်နိုင်ခြင်းကြောင့် ဒေတာအမြန်နှုန်းတိုးမြှင့်ပြီး အရှေ့တောင် အာရှ ဒေသတွင်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ရေအောက်ကေဘယ် တည်ဆောက်ရေး မဟာဗျူဟာ မြောက်စီမံကိန်းရဲ့ အစိတ်အပိုင်းလည်းဖြစ်ပါ တယ်"ဟု NTT Ltd ၏ အမှုဆောင်အရာရှိချုပ် Mr. Sutas Kongdumrongkait က ပြောသည်။

အမေရိကန် ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံ ထားသည့် အဆိုပါရေအောက်ကေဘယ်သည် ကီလိုမီတာ ၁၁၀၀၀ ရှည်လျားပြီး ၂၀၂၂ ခုနှစ် ဇွန်လ တွင် လုပ်ငန်းစတင် လည်ပတ် အသုံးပြုနိုင်မည် ဖြစ် ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီက မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ရယူကာ NTT Myanmar ရုံးကိုလည်း စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ၏ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည့် သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍ၏ လိုအပ်ချက် များအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဖြေရှင်းချက် များအား အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်သွားနိုင် တော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် နှစ်စဉ် ခြောက်ရာခိုင်နှုန်းမှ ၁၂ ရာခိုင် နှုန်းအထိ တိုးတက်လျက်ရှိကြောင်း၊ ယင်းတိုးတက် မှု သည် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံအများစု၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းထက်ပင် မြင့်မားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေအောက်ကေဘယ်စီမံကိန်း ထူထောင်နိုင်မှုကြောင့် ဒေတာစီမံခန့်ခွဲမှုဆော့ဝဲလ် နည်းပညာများ အလျင်အမြန် တိုးတက်လာပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်စိုး