Skip to main content

တိုးချဲ့ကာကွယ်​ဆေးထိုးလုပ်ငန်း ရိုတာဗိုင်းရပ်(စ်)ကာကွယ်​ဆေးနှင့် ဆုံဆို့​-​မေးခိုင်ပါဝင်​သော ကာကွယ်​ဆေး (Penta-4) ပုံမှန်​ဆေးထိုး/​ဆေးတိုက် လုပ်ငန်း အသိ​ပေး​ဆွေး​နွေးပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့တွင် တိုးချဲ့ကာကွယ်​ဆေးထိုးလုပ်ငန်း ရိုတာဗိုင်းရပ်(စ်)ကာကွယ်​ဆေးနှင့် ဆုံဆို့​-​မေးခိုင် ပါဝင်​သော ကာကွယ်​ဆေး (Penta-4)ပုံမှန်​ ဆေးထိုး/​ဆေးတိုက်လုပ်ငန်း အသိ​ပေး​ဆွေး​နွေးပွဲ အခမ်းအနားကို ယ​နေ့နံနက် (၉)နာရီအချိန်က တိုင်း​ဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ လူမှု​ရေးဝန်ကြီး ​ဒေါက်တာလှမြတ်​သွေးက အဖွင့်အမှာစကား ​ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီး ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာသန်းထွန်း​အောင်က ရိုတာဗိုင်းရပ်(စ်) ကာကွယ်​ဆေးနှင့် ဆုံဆို့-​မေးခိုင်ပါဝင်​သောကာကွယ်​ဆေး(Penta-4)ကို ပုံမှန်ကာကွယ်​ဆေးထိုး/​ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံ/တိုက်​​ကျွေးခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ထို့​နောက် အခမ်းအနား တက်​ရောက် လာသူများက တိုးချဲ့ ကာကွယ်​ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ ​ဆွေး​​နွေး တင်ပြ ခဲ့ကြ​ကြောင်း သိရှိရသည်။

တိုး​ဝေဇင်၊မြင့်ဟန်(ပြန်ဆက်)