ဒဂုံ နိုဝင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ဂျာမနီသံရုံးမှ We Love Yangon လူထုအခြေပြုပရဟိတအသင်းသို့ အလှူငွေကျပ် (၁၅၄,၁၀၅,၀၀၀) ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း စည်ပင်ရိပ်သာ ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ခံရယူကြောင်းသိရသည်။
လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြား ပြီး အလှူရှင် မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံအမတ်ကြီး H .E Mr.Christian-Ludwing Weber-Lortsch အလှူငွေလှူဒါန်းရခြင်းကို ရှင်းလင်းသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလှူရှင်ဂုဏ်ပြုလွှာပေးအပ်ပေးပြီး We Love Yangon လူထု အခြေပြုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ်ကြီး H .E Mr.Christian-Ludwing Weber-Lortsch နှင့် We Love Yangon လူထုအခြေပြုပရဟိတအသင်းမှ အလုပ်အမှုဆောင်တာဝန်ရှိ သူများ တက်ရောက် ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)