နေပြည်တော် ဇန်နဝါရီ ၂၃
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံ အလုပ်ရုံ များ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်း ခွင် အေးချမ်း သာယာ ရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုး ခံစားခွင့် များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် ကျား ၁၂၃၂၈ ဦး၊ မ ၃၄၂၇၉ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၄၆၆၀၇ ဦး ချုပ်ဆို ခဲ့သည်။ အလုပ် ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းပြန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ် ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ခံရရှိမှု ၁၁၁ မှုတွင် ကျေအေးမှု ၄၀ မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ၁၄ မှု၊ ပိတ်သိမ်းမှုခုနစ်မှုနှင့် ငွေကြေး အကျိုးခံစားခွင့် ၅၀ မှု တို့ဖြစ်ပြီး ငွေကြေး အကျိုးခံစားခွင့်ရှိသူ ၁၅၄ ဦးအား ငွေကျပ် ၈၅,၈၀၆.၂၀၄ ကို ခံစားခွင့် ရရှိစေခဲ့သည်။ ကျွမ်းကျင်လုပ်သားများရရှိစေရန် လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်၍ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေး ခြင်းများ အနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ် လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့် နှင့် မီးဖွားခွင့် များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၅၉၀၀၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၈၆၅၈၁ ဒသမ ၄၆၀ ကို ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာ ရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေး အရာရှိများက စက်ရုံ/အလုပ်ရုံ(၃၀၀)ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေး ဟောပြောပို့ချမှု (၂၁၁)ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် အလုပ်ရှင် အလုပ် သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ ၌ ခုံသမာဓိအဖွဲ့တွင်(၁၇)မှုနှင့် ခုံသမာဓိကောင်စီတွင် (၆)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ် သမား များအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေး အကျိုးခံစားခွင့်များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၁၄၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၁၆၂ ဦးအတွက် ဆေးဖိုး ကုန်ကျငွေကျပ် သိန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူ လုံရေးဆေးခန်း များနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအခြေအနေများမှာ အောက်ပါ အတိုင်း ဖြစ်သည်-