Skip to main content

၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၄၀၀၀ ကျော် ပါဝင်ဆင်နွှဲ

နေပြည်တော် ဒီဇင်ဘာ ၁၃

၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၄၀၀၀ ကျော် ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။

ထို့နောက် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေကြသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းတွင် လူထုအားကစား လှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပလျက်ရှိသည်။

သတင်းစဉ်