နေပြည်တော် ဒီဇင်ဘာ ၁၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှုအပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက်ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိပါသည်။
အဆိုပါ သတင်းသည် သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
