ပြည် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီ ၃၀ အချိန်က ပြည်မြို့နယ် သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအရှေ့ဘက်၌ နဝင်းချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
လွန်ခဲ့သည့်ရက် ၂၀ ခန့်က နဝင်းချောင်းရေလှိုက်စားမှုကြောင့် ပေ ၃၀၀ ခန့် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါ မြေပြိုကျမှုနှင့် ပတ်သက်၍ ကျေးရွာပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)