Skip to main content

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကို ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့်ပြုမည်

နေပြည်တော် ဧပြီ ၅

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့နှင့် သူရဘွဲ့ရရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်ရရှိသူများနှင့် ၎င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်းများ၊ သား၊ သမီးများအား မြန်မာ့မီးရထားအထက်တန်း အခမဲ့စီးနင်းခွင့်နှင့် မြန်မာ့မီးရထားစီးနင်းခြင်းမပြုနိုင်သော ဒေသများအတွက် နိုင်ငံပိုင်လေကြောင်းလိုင်းအား တစ်နှစ်လျှင် အသွား/အပြန် နှစ်ကြိမ် အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ခံစားခွင့်ရှိသူများသည် နီးစပ်ရာ မြန်မာ့မီးရထားဘူတာရုံများတွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိထားကြောင်း အထောက်အထားပြသ၍ မှတ်ပုံတင်စာရင်းသွင်းကြရမည်ဖြစ်ပြီး မြန်မာ့မီးရထားမှ Smart Card များ ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ခရီးသွားလာသည့်အခါ သက်ဆိုင်ရာဌာနများတွင် Smart Card များပြသ၍ မီးရထားလက်မှတ်၊ လေယာဉ်လက်မှတ်များ ထုတ်ယူရန်ဖြစ်ပါသည်။ စတင်မှတ်ပုံတင်စာရင်းသွင်းရမည့်နေ့ရက်ကို အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ