Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း Football For School Program ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ စစ်ဆေး

နေပြည်တော် မေ ၁၂

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်အရ Football For School Program ဆိုင်ရာ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း ရုံးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှု၊ အဆင့်မြင့်ရေကူးကန်၌ ရေကူးသရုပ်ပြသနေမှုနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်) ကျောင်းအတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်