မန္တလေး မေ ၁၄
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ အနုပညာဦးစီးဌာနဝင်းအတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ မန္တလေးငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သည့် ပန်တျာသင်ကြားဆောင်၊ ပန်းချီ၊ ပန်းပုသင်ကြားဆောင်နှင့် ကျောင်းသားအိပ်ဆောင်များကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ သင်ကြားဆောင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနစုသို့ရောက်ရှိကာ ဌာနမှဝန်ထမ်းများ၊ အနုပညာ အထက်တန်းကျောင်း(မန္တလေး)မှ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများ၏ အကလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
