Skip to main content

ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးအခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေး မေ ၂၀

ကျောက်ဆည်မြို့နယ်ရှိ အရှေ့ငယ်တိုးအခြေခံပညာ အလယ်တန်းကျောင်းတွင် 100 Schools Project မှ လှူဒါန်းသည့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်း ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်၍ ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် အမှာစကား ပြောကြားပြီး 100 Schools Project မှ မန္တလေးမြို့ ပန်းချီဆရာကြီး ဦးစိန်မြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ 100 Schools Project မှ တာဝန်ရှိသူက ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ကျောက်ဆည်ခရိုင်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် အရှေ့ငယ်တိုးအခြေခံပညာအလယ် တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၅၀၁ စုံပေးအပ်ပြီး ကျောင်းသား ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်