မြစ်ကြီးနား ဇွန် ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာဝတီ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ဝန်ထမ်းများအနေဖြင့် မဲစာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လစဉ် စိစစ်ဆောင်ရွက်သွားရန်၊ မြန်မာအီလက်ထရောနစ် မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများ ဖြစ်သောကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး အထူးအလေးထားထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက မဲစာရင်းများ ပြည်စုံမှန်ကန်စေရေး၊ မဲပေးစက်များ စနစ်တကျ ထိန်းသိမ်းသွားမည့် လုပ်ငန်းအစီအမံများကို ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်တာဝန်ခံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
