Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၉

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဦးစွာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဝမ်းမြောက်စရာ အခြေအနေတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် ပြီးခဲ့သည့်မေလအတွင်း၌ APJG က ပြန်လည်ပေးပို့ခဲ့သည့် Final Factual Check အရ မိမိတို့၏ကြိုးပမ်းဆောင်ရွက်မှုကြောင့် Action Item 6.2 ၊ 7.2 နှင့် 8.1 တို့ကို Partly Addressed အဆင့်မှ Largely Addressed အဆင့်သို့ ကနဦးအနေဖြင့် တိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းခဲ့ကြသည့် တာဝန်ရှိသူ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးကို ချီးကျူးဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး (Mutual Evaluation-ME) နှင့်စပ်လျဉ်း၍ ပြင်ဆင်သင့်သည့်အချက်များအား ကြိုတင်ပြင်ဆင်ထားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းအဖွဲ့အတွင်းရေးမှူးဖြစ်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်ကျန်ရှိသည့် Action Item နှစ်ခုနှင့် Mutual Evaluation (ME) လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်