နေပြည်တော် ဇွန် ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် uab ဘဏ်မှ အမှုဆောင်အရာရှိချုပ်နှင့် တာ၀န်ရှိသူများအား ယနေ့မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် တက္ကသိုလ်နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားများအနေဖြင့် ဗဟိုဘဏ်၏ MMQR စနစ်ရှိ မည်သည့် Pay စနစ်ဖြင့်မဆို ကျောင်းလခပေးသွင်းခြင်းကို တက္ကသိုလ်စီမံခန့်ခွဲရေးစနစ် ပထမအဆင့် နှစ်နှစ်တာကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ပြီးစီးမှု အခြေအနေကို ဦးစွာပြန်လည်သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံပညာရေးတိုးတက်မှုအတွက် uab bank မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးရာ ဆရာ ဆရာမ ရာထူးတိုးပြောင်းကိစ္စ၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး၊ ကျောင်းခေါ်ချိန်ကောက်ယူရေးစသည့် တက္ကသိုလ်စီမံခန့်ခွဲရေးကိစ္စများကို ဒီဂျစ်တယ်စနစ်ဖြင့် ကူးပြောင်းဆောင်ရွက်သွားနိုင်ရေးအတွက် ဆော့ဖ်ဝဲလ်တွင်လိုအပ်ချက်များ ထပ်မံဖြည့်စွက်ရေးသားပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
