Skip to main content

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် Documentary (သို့) ပညာပေးဇာတ်လမ်းတို (Short Film) ပြိုင်ပွဲများအတွက် ဆုရသူများစာရင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇွန် ၂၁

၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် Documentary (သို့) ပညာပေးဇာတ်လမ်းတို (Short Film) ပြိုင်ပွဲများအတွက် ဆုရသူများစာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။

ဆောင်ပုဒ် ပြိုင်ပွဲတွင် ဒေါ်ဖြူဖြူစိန် (လင်းလက်မေ) နေပြည်တော်မှ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ”၊ ဦးကျော်အောင် (ကောင်းစံသစ်-ပုသိမ်) ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးမှ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ လူငယ်များဘဝ မြှင့်တင်ကြ ဝိုင်းဝန်းကာကွယ်တားဆီးမှ”၊ ဦးဝင်းတင် နေပြည်တော်မှ “မူးယစ်ကင်းစင်- တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ-လုံခြုံလှ”၊ မောင်ဖြိုးသက်အောင် မြဝတီရုပ်မြင်သံကြားမှ “နိုင်ငံ့အနာ ဂတ်လှပဖို့ မူးယစ်ဆေးကိုအမြစ်ဖြတ်စို့” နှင့် ဦးစိန်ဝင်း (ပန်းမြိုင်လယ်စိန်ဝင်း) ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီးမှ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” ဆောင်ပုဒ်တို့က ဆုများရရှိကြသည်။

ဝတ္ထုတို ပြိုင်ပွဲတွင် ဦးစိုးမိုးကျော် (သားကျော်) ၏ “နေမင်းနှင့် မျက်နှာချင်းဆိုင်၍” ဝတ္ထုတိုက ပထမ၊ ဦးစိန်ဝင်း (ကိုကြီးစိန်-ဟင်္သာတ) ၏ “မုန်းလို့တော့ဖြင့် မဟုတ်ပါပြီ” ဝတ္ထုတိုက ဒုတိယနှင့် ဦးအေးကြူ (မောင်ငြိမ်းမွန်-ချောင်းဦး) ၏ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့”ဝတ္ထုတိုက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် ဒေါ်စုသက်မှူး (စုသက်မှူး-မရမ်းကုန်း )၏ “အမှောင်နံရံကို ဖြိုခွင်းခဲ့သော အဖြူရောင်လက်များ” ဝတ္ထုတိုက အထူးဆု (၁)၊ မောင်ဖိုးပြုံး (စမ်းဝေသာ-ပညာရေး) ၏ “အမှောင်နွံထဲက ရုန်းထွက်တဲ့ကြာ” ဝတ္ထုတိုက အထူးဆု (၂) နှင့် ဦးထွန်းအောင်သိန်း (ခိုင်ချစ်အောင်) ၏ “လွယ်လွယ်နဲ့ရ သုံးစွဲကြ၊ မူးယစ်သားကောင် ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ” ဝတ္ထုတိုက အထူးဆု (၃) တို့ ရရှိကြသည်။

ဆောင်းပါး ပြိုင်ပွဲတွင် ဒေါက်တာ အိလှိုင်းသက်ဇာ၏ “မူးယစ်ကင်းစင်-တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ-လုံခြုံလှ” ဆောင်းပါးက ပထမ၊ ဒေါ်ဝင်းမာမြင့် (အင်ကြင်းမေ) ၏ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေး ကို တိုက်ဖျက်စို့” ဆောင်းပါးက ဒုတိယနှင့် ဦးဝင်းဇော် (ကောင်းစည်သူ) ၏ “နိုင်ငံ့အနာဂတ် လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့” ဆောင်းပါးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဒေါ်တင်ထက်ထက်ဇော် (ပေါက်ပေါက်) ၏ “ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” ဆောင်းပါးက အထူးဆု(၁)၊ ဦးမျိုးဝင်း (မျိုးဝင်း-ပြည်) ၏ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ” ဆောင်းပါးက အထူးဆု (၂) နှင့် ဒေါက်တာ အေးအေးတင့် (သစ္စာခင်) ၏ “လူငယ်များ ဘဝလှပဖို့ မူးယစ်ဆေးကို ဝိုင်းဝန်းတိုက်ဖျက်စို့” ဆောင်းပါးက အထူးဆု (၃) တို့ ရရှိကြသည်။

ကဗျာပြိုင်ပွဲတွင် ဗိုလ်ကြီး ညွန့်ဝင်း (ငြိမ်း) (ဘုန်းမောင်ဝင်း-ဖျာပုံ) ၏ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” ကဗျာက ပထမ၊ ဦးမြထွန်း (မြတ်ထွဏ်းနောင်) ၏ “မူးယစ်အစ အလွယ်က - ဝိုင်းဝန်းတားဆီးကာကွယ်ကြ” ကဗျာက ဒုတိယနှင့် ဒေါ်စမ်းစမ်းအေး (စမ်းစမ်းမနောမြေ) ၏ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ” ကဗျာက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးစိန်ဌေး (ဌေးသစ်လွင်-ပရိမ္မ) ၏ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ” ကဗျာက အထူးဆု (၁)၊ ဒေါ်ဝင်းမာမြင့် (အင်ကြင်းမေ) ၏ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” ကဗျာက အထူးဆု (၂) နှင့် ဦးမြင့်သိန်း (မောင်မင်းသိမ်း-သရက်) ၏ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” ကဗျာက အထူးဆု (၃) တို့ ရရှိကြသည်။

တေးသီချင်း ပြိုင်ပွဲတွင် ဦးဗိုလ်စိုး (ဗိုလ်စိုး) ၏ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့” တေးသီချင်းက ပထမ၊ ဦးသောင်းလွင် (ဆရာမြတ်သန်းစံ) ၏ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ” တေးသီချင်းက ဒုတိယနှင့် ဦးဉာဏ်ပိုင်စိုး(ခ) ဦးသူရစိုး (စစ်သူ) ၏ “မြန်မာကမ္ဘာစောင့်ရှောက်ပါမည်” တေးသီချင်းက တတိယဆုများရရှိကြပြီး အထူးဆုအဖြစ် ဦးအောင်တင် (မဟာအောင်) ၏ “တက်ညီလက်ညီ အပြီးတိုင်ရှင်းလင်း” တေးသီချင်းက အထူးဆု (၁)၊ ဦးစိုးသီဟ (ဦးစိုးသီဟ) ၏ “ကင်းဝေးရမယ်မူးယစ်အန္တရာယ်” တေးသီချင်းက အထူးဆု (၂) နှင့် ဦးဇော်လင်းသိန်း (ဇော်လင်းသိန်း) ၏ “လူငယ်လူရွယ် ကျန်းမာလို့ အနာဂတ်တွေလှပဖို့ မူးယစ်ဆေးဝါးရှောင်ကြစို့” တေးသီချင်းက အထူးဆု (၃) တို့ ရရှိကြသည်။

ဓာတ်ပုံ ပြိုင်ပွဲတွင် ဦးမျိုးမင်းကြွယ် (မျိုးမင်းကြွယ်-ရွှေတောင်ကြား) ၏ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ” ခေါင်းစဉ်ဖြင့် ပထမ၊ ဦးအောင်မင်းဦး၏ “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့” ခေါင်းစဉ်ဖြင့် ဒုတိယ၊ ဦးဇာနည်ထွန်း (ရွှေပန်းချီ) (ဇာနည်ထွန်း- ရွှေပန်းချီ-ရမည်းသင်း) ၏ “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့” ခေါင်းစဉ်ဖြင့် တတိယဆုများရရှိကြပြီး အထူးဆုအဖြစ် ဦးမျိုးမင်းကြွယ် (မျိုးမင်းကြွယ်-ရွှေတောင်ကြား) ၏ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် အထူးဆု(၁)၊ ဦးအေးလွင်ဦး (မင်းလွင်ဦးမောင်) ၏ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီး မှ” ခေါင်းစဉ်ဖြင့် အထူးဆု(၂)နှင့် ဦးအောင်ကျော်ထွန်း (အောင်ကျော် ထွန်း-ပုသိမ်ကြီး) ၏ “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့” ခေါင်းစဉ်ဖြင့် အထူးဆု (၃) တို့ ရရှိကြသည်။

ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် မနှင်းဝတ်မှုန်အောင် (ကြည်သာနှင်း) ၏ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ” က ပထမ၊ ဦးအောင်စည်သူ၏ “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့” က ဒုတိယနှင့် ဦးသက်ပိုင်ဖြိုး (ဂိုးဂိုး)၏ “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့” က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးဉာဏ်လင်းထွန်း၏ “ဗလငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့” က အထူးဆု (၁)၊ ဦးနိုင်သူရ၏ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့” က အထူးဆု (၂) နှင့် ဦးအေးလွင်ဦး (မင်းလွင်ဦးမောင်) ၏ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့” က အထူးဆု (၃) တို့ ရရှိကြသည်။

ပန်းချီမူလတန်းအဆင့်ပြိုင်ပွဲတွင် မောင်ဘုန်းခန့်ကျော် အောင်မြေအင်အား ကိုယ်ပိုင်အလယ်တန်းကျောင်း၊ သန်လျင်မြို့နယ်က ပထမ၊ မဧကရီဇော် အမက (ဂွေးပင်)၊ ကျောက်တန်းမြို့နယ်က ဒုတိယနှင့် မအေးချမ်းဇော် အထက (၈) (ညောင်ပင်စောက်) မုံရွာမြို့နယ်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ကျော်ဇေရှိုင်း အလက (လေ့ကျင့်ရေး) တောင်ဥက္ကလာပမြို့နယ်က အထူးဆု (၁)၊ မပြည့်မှူးသဒ္ဓါစိုး အလက (မြို့မ) ကျောက်တန်းမြို့နယ်က အထူးဆု (၂) နှင့် မဆုပြည့်ရတီ အလက (ခွဲ) (ပေါင်းလောင်း) ပျဉ်းမနားမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မောင်မြတ်မင်းဇော် ကောင်းစုစံပညာရိပ်မွန်ကိုယ်ပိုင်ကျောင်း၊ ရွှေပြည်သာမြို့နယ်က ပထမ၊ မမိရွှေရည်ဖူးပွင့် အထက (၉) မော်လမြိုင်မြို့နယ်က ဒုတိယနှင့် မောင်စွမ်းဇေယျာ အထက(၁)မိုးညှင်းမြို့နယ်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မရှင်းသန့်လင်း အလက (မြို့မ) ကျောက်တန်းမြို့နယ်က အထူးဆု (၁)၊ မနှင်းဧကရီလင်း စံမြင့်မော်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မြောက်ဒဂုံမြို့နယ်က အထူးဆု (၂) နှင့် မနှင်းထက်စိုပြေ အထက (၁) ဇလွန်မြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မောင်ပြည့်စုံမြတ်သူ အထက (၁) ဒဂုံမြို့နယ်က ပထမ၊ မောင်ရဲမွန်အောင် အထက (၁) မိုးညှင်းမြို့နယ်က ဒုတိယနှင့် မမေမြတ်သူ အထက (၆) တောင်ကြီးမြို့က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်စံမင်းမြတ် IEC ကိုယ်ပိုင်အထက်တန်းကျောင်း၊ မင်္ဂလာဒုံမြို့နယ်က အထူးဆု (၁)၊ မနွေးနွေးလှိုင် အောင်မြင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မော်လမြိုင်မြို့က အထူးဆု (၂) နှင့် မဖူးကေခြည် Myayadanar Coach ကိုယ်ပိုင်ကျောင်း၊ မြောက်ဥက္ကလာပမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ကာတွန်းမူလတန်းအဆင့် ပြိုင်ပွဲတွင် မောင်ဖြိုးသီဟကျော် အလက (မြို့မ) ကျောက်တန်းမြို့နယ်က ပထမ၊ မောင်ဟိန်းပြည့်စုံ အလက(မြို့မ)ကျောက်တန်းမြို့နယ်က ဒုတိယနှင့် မဖူးပြည့်သဇင် အလက (ခွဲ) (စက်သစ်) သံဖြူဇရပ်မြို့နယ်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မဆုကျော်သူထက် အမက (၂၂) မြောက်ဒဂုံမြို့နယ်က အထူးဆု (၁)၊ မထက်ဝတ်ရည်လင်း အမက (စံချိန်မီ) ကျောက်တန်းမြို့နယ်က အထူးဆု (၂) နှင့် မဆုမြတ်ကြယ်စင် အမက (အောင်သုခ) ကျောက်တန်းမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ကာတွန်းအလယ်တန်းအဆင့်ပြိုင်ပွဲတွင် မရွှေဝန်းရံအောင် အထက (၂) ကျောက်တန်းမြို့နယ်က ပထမ၊ မပန်းသခင်ဝင်းကျော် TTEC A-1 ကျောက်တန်းမြို့နယ်က ဒုတိယနှင့် မောင်ဟိန်းသူရိန် နိုဘယ်(လ်)ရတနာကိုယ်ပိုင်ကျောင်း၊ တောင်ဥက္ကလာပမြို့နယ်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ဘုန်းစစ်သျှန် အထက (၁) ကျောက်တန်းမြို့နယ်က အထူးဆု (၁)၊ မဆုလဲ့သဒ္ဒါ TTEC A-1 ကျောက်တန်းမြို့နယ်က အထူးဆု (၂) နှင့် မသဒ္ဒါလင်းသိန်း ထူးချွန် ကိုယ်ပိုင်ကျောင်း၊ ကျောက်တန်းမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ကာတွန်းအထက်တန်းအဆင့်ပြိုင်ပွဲတွင် မောင်မင်းခန့်ကျော်သူ အထက (၅) မြောက်ဒဂုံမြို့နယ်က ပထမ၊ မကျော့ယမင်းခိုင် အထက (၁) ဒဂုံ၊ သင်္ဃန်းကျွန်းမြို့နယ်က ဒုတိယနှင့် မောင်ပြည့်စွမ်းဇော် အထက (၁) ကျောက်တန်းမြို့နယ်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ဇင်မင်းအောင် အထက (ပန်းတိုင်) ထန်းတပင်မြို့နယ်က အထူးဆု (၁)၊ မဂျူးဂျူးဝတ်ရည် အထက (၄) မကွေးမြို့က အထူးဆု (၂) နှင့် မလုဂျာ အထက(၉)မြစ်ကြီးနားမြို့က အထူးဆု (၃) တို့ ရရှိကြသည်။

ပိုစတာမူလတန်းအဆင့်ပြိုင်ပွဲတွင် မောင်ကောင်းပြည့် အထက (၁) မိုးညှင်းမြို့နယ်က ပထမ၊ မမြတ်မိုးသဇင် မူလွန် (အိုးတန်းကျောင်း) စစ်တွေမြို့က ဒုတိယနှင့် မဆုသံစဉ်မောင် BMA ကိုယ်ပိုင်အလယ်တန်းကျောင်း၊ မကွေးမြို့နယ်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မရှင်းသန့်မြင့်မိုရ် အလက(မြို့မ)ကျောက်တန်းမြို့နယ်က အထူးဆု (၁)၊ မောင်ကျန်စစ်သွေး အလက (၃) ဟင်္သာတမြို့နယ်က အထူးဆု (၂) နှင့် မဧကရီဇော် အမက (ဂွေးပင်) ကျောက်တန်းမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ပိုစတာအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မောင်သက္ကရာဇ် အထက (၁၀) တောင်ကြီးမြို့က ပထမ၊ မပန်ဆုပြည့်သျှန် The Gread Success ကိုယ်ပိုင်ကျောင်း၊ မြောက်ဒဂုံမြို့နယ်က ဒုတိယနှင့် မနှင်းဧကရီလင်း စံမြင့်မော်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မြောက်ဒဂုံမြို့နယ်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မဟန်နီကိုကို ဥယျာဉ်မှူးကိုယ်ပိုင်အလယ်တန်းကျောင်း၊ မကွေးမြို့က အထူးဆု (၁)၊ မဆုမြတ်မိုး အထက (၁) ကျောက်တန်းမြို့နယ်က အထူးဆု (၂) နှင့် မမြတ်မှူးအိမ် အထက (၂) သော်ကကျောင်း၊ ကျောက်တန်းမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ပိုစတာအထက်တန်းအဆင့် ပြိုင်ပွဲတွင် မောင်ပြည့်စုံမြတ်သူ အထက (၁) ဒဂုံမြို့နယ်က ပထမ၊ မထက်ဦးရတီ လမ်းပြကြယ် ကိုယ်ပိုင်အထက်တန်းကျောင်း၊ မကွေးမြို့က ဒုတိယနှင့် မသော်တာ လရောင်အထက (ခွဲ) ဆားစည်၊ မကွေးမြို့နယ်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ပြည့်စွမ်းဇော် အထက (၁) ကျောက်တန်းမြို့နယ်က အထူးဆု (၁)၊ မဆုပြည့်ပြည့်ကျော် ပန်းပျိုးခင်းကိုယ်ပိုင်ကျောင်း၊ ဖြူးမြို့က အထူးဆု (၂) နှင့် မောင်မင်းခန့်ကျော်သူ အထက (၅) မြောက်ဒဂုံမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ကွန်ပျူတာပန်းချီအလယ်တန်းအဆင့်ပြိုင်ပွဲတွင် မအိမ့်ခြူးသံစဉ်မြတ်သူ အထက (၁) ဒဂုံ၊ ဗဟန်းမြို့နယ်က ပထမ၊ မမိချောအိန္ဒြေလင်း ပါရမီကိုယ်ပိုင်အထက်တန်းကျောင်း၊ မော်လမြိုင်မြို့နယ်က ဒုတိယနှင့် မခွန်းချိုသာ ကံ့ကော်မြေကိုယ်ပိုင်အထက်တန်းကျောင်း၊ မကွေးမြို့က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မမဟာနွယ် အလက (ခွဲ) စက်သစ်၊ သံဖြူဇရပ်မြို့နယ်က အထူးဆု (၁)၊ မမိစလွမ်းထော အလက(ခွဲ)စက်သစ်၊ သံဖြူဇရပ်မြို့နယ်က အထူးဆု (၂) နှင့် မောင်အောင်ခန့်သော် အထက (ပထက်) ကျွန်းစုမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

ကွန်ပျူတာပန်းချီအထက်တန်းအဆင့်ပြိုင်ပွဲတွင် မောင်ပြည့်စုံ မြတ်သူ အထက(၁)ဒဂုံ၊ ဗဟန်းမြို့နယ်က ပထမ၊ မောင်အိုက်ဝမ်း အထက (၉) မြစ်ကြီးနားမြို့က ဒုတိယနှင့် မခေတ်ဇန်နဝါရီခင် အထက(ခွဲ)၊ အလက (၄) မော်လမြိုင်မြို့က တတိယဆုများ ရရှိကြပြီးအထူးဆုများအဖြစ် မဂရေ့စ်ဆိုင်းထွယ် အလက (၈) မြစ်ကြီးနားမြို့က အထူးဆု (၁)၊ မောင်ခန့်ဇော်ဟိန်း အလက (ပထက်) ကျွန်းစုမြို့နယ်က အထူးဆု (၂) နှင့် မအိသဉ္ဇာဝင်း အမှတ် (၁) ကိုယ်ပိုင်အထက်တန်းကျောင်း၊ စကုမြို့နယ်က အထူးဆု (၃) တို့ ရရှိကြသည်။

Documentary (သို့) ပညာပေးဇာတ်လမ်းတို (Short Film) ပြိုင်ပွဲ ဖိတ်ခေါ်ခဲ့သော်လည်း ဒေါ်အေးအေးစိုး (မေသော်ခိုင်) နှင့် ဦးသန်းဝင်း (ဇွဲဝင်းနိုင်-ရွှေ-ရွှေမင်းသား) တို့ နှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ သည်။ အဆိုပါပြိုင်ပွဲဝင်နှစ်ဦး၏ လက်ရာများကို ပြိုင်ပွဲစိစစ်ရေးအဖွဲ့မှ ဆုချီးမြှင့်ရန်အတွက် ရွေးချယ်ပေးနိုင်ခြင်းမရှိခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်သူများဖြစ်သည့် ဒေါ်အေးအေးစိုး (မေသော်ခိုင်) ၏ “မူးယစ် ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ လုံခြုံလှ” ခေါင်းစဉ်ဖြင့် ပညာပေးဇာတ်လမ်းတိုနှင့် ဦးသန်းဝင်း (ဇွဲဝင်းနိုင်-ရွှေ-ရွှေမင်းသား)၏ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ” ခေါင်းစဉ်ဖြင့် ပညာပေးဇာတ်လမ်းတိုတို့ကို အထူးဆုများ ပေးခဲ့သည်။

ဗဟိုအဆင့် ပြိုင်ပွဲဆုရရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆုရရှိသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်