Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇွန် ၁၈ ရက်က ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်သည်။

ဖြည့်ဆည်းဆောင်ရွက်

ထို့နောက် ဘူမိဗေဒ၊ မြန်မာစာနှင့် အင်္ဂလိပ်စာအထူးပြု ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် တက္ကသိုလ်အတွင်း သုံးထပ်စာသင်ဆောင် တည်ဆောက်မည့် မြေနေရာ၊ အားကစားရုံ၊ တက္ကသိုလ်ဘောလုံးကွင်း၊ တက္ကသိုလ်စာကြည့်တိုက်တို့ကိုလည်းကောင်း၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်အား နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်