Skip to main content

သက်ကြီးပုဂ္ဂိုလ်များအား သက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ပေးအပ်

နေပြည်တော် ဇွန် ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ဓမ္မာရုံ၌ အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၅ ဦးကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် တပ်တွင်းဓမ္မာရုံ၌ မင်္ဂလာရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၀ နှင့် ရွှေချီရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၃၀ စုစုပေါင်း သက်ကြီးပုဂ္ဂိုလ် ၇၅ ဦးကို သက်ကြီးရွယ်အို သက်သေခံကတ်ပြားများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

သက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ရထားလက်မှတ် ဝယ်ယူရာ၌ ကျသင့်လက်မှတ်ခ၏ ၅၀ ရာခိုင်နှုန်းလျှော့ပေါ့ခံစားခွင့်၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် ရုပ်ရှင်၊ ဇာတ်သဘင်၊ အငြိမ့်၊ သီဆိုပွဲ၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပု စသည့်နိုင်ငံပိုင်ဖျော်ဖြေရေးဝန်ဆောင်မှုများတွင် ဝင်ကြေးအနည်းဆုံး ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်၊ အမျိုးသားပြတိုက်သို့ ဝင်ရောက်ပါက ဝင်ကြေးကင်းလွတ်ခြင်း ခံစားခွင့်၊ သက်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်ခဲ့ပါက သင်္ဂြိုဟ်စရိတ် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်