Skip to main content

ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ကြိုတင်သတိပေး

ဟုမ္မလင်း ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလာနိုင်သဖြင့် မြေနိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့် နေရာများတွင်နေထိုင်ကြသည့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက် ၉ နာရီခွဲက ဟုမ္မလင်းမြို့အနီးတစ်ဝိုက် ချင်းတွင်းမြစ်ကမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေးတို့က ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့်သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများ၊ မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်စေရေး လိုက်လံနှိုးဆော်ခြင်း ပြုလုပ်ခဲ့သည်။ အဆိုပါကြိုတင်သတိပြုနေထိုင်စေရေး အသိပေးနှိုးဆော်မှုအား ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ဆိပ်ကမ်းမှ အမြန်ရေယာဉ်ဖြင့်ထွက်ခွာ၍ ချင်းတွင်းမြစ်အထက်ပိုင်းနှင့်အောက်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)