နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသိန်းကိုကို၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၆ (ရှမ်း)၊ ၄/၂၀၂၆ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၆ (တနင်္သာရီ)၊ ၁၆/ ၂၀၂၆ (ပဲခူး)၊ ၁၇/၂၀၂၆(ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု နှစ်မှုနှင့် တရားမအယူခံမှု သုံးမှုတို့ကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု အမှတ် ၄၈/၂၀၂၅ (ရန်ကုန်)၊ ၈/၂၀၂၆ (ကချင်)၊ ၁၈/၂၀၂၆ (ရန်ကုန်)၊ ၁၉/၂၀၂၆(ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု လေးမှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
