Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၁

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ (ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူး) အတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) ကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) MOLA Lecture Hall ၌ ဖွင့်လှစ်ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယခုသင်တန်းသည် အစိုးရဌာန အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရေး၊ ဥပဒေရေးရာ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းကို ဇူလိုင် ၁ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်