ရန်ကုန် ဇူလိုင် ၄
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ) ဆုများရွေးချယ်ခဲ့ခြင်းများနှင့် အလင်္ကာကျော်စွာ ဒါရိုက်တာပန်းချီစိုးမိုးက ဓာတ်ပုံဆုရွေးချယ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ)ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ဓာတ်ပုံပညာရှင်များအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်သူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်သည်။
ထို့နောက် စေတနာရှင် အလှူရှင်များက မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်သို့ အလှူငွေများ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအားကစားမီဒီယာ များအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကာ ဆုရရှိခဲ့ သူများကိုယ်စား ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပထမဆုရှင် ပြည့်ထူး(မင်းဘူး)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
